အင်ဒိုနီးရှားနှင့်မလေးရှားတို့တွင်ဗုဒ္ဓဘာသာမထွန်းကားမီကခြားဘာသာကိုးကွယ်ခဲ့သည်။
ထို့နောက် ဗုဒ္ဓဘာသာကိုးကွယ်မှုရှိခဲ့သည်။
ထို့နောက်အစ္စလာမ်ဘာသာပေါ်ထွန်းလာသော အခါတွင်
အစ္စလာမ်ဘာသာကိုးကွယ်မှုရှိလာပြန်သည်။ ယင်းကိစ္စမှာ ထိုဒေသခံလူတို့၏
နှလုံးသားရေးရာ ပြဿနာဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် အချိန်မရွေး
ဗုဒ္ဓဘာသာပြန်လည် ကိုးကွယ်နိုင်ကြသည်။
အခြားဘာသာတစ်ခုသို့လည်းကူးပြောင်းနိုင်ကြပေသည်။ အစ္စလာမ် သာသနာအတွင်း၌သာ
နေကြရမည်ဟု ထားမြစ်ချက် တစ်စုံတစ်ရာအလျဉ်းမရှိပါ။ ဘာသာပြောင်းက ထိုသူကို
သတ်ရမည်ဟူသော ကုရ်အာန်၏ ပြဌာန်းချက် အလျဉ်းမရှိပါ။
အလားတူ မြန်မာနိုင်ငံတွင်လည်း မည်သည့်ဘာသာသသနာမျှ မပေါ်ပေါက်ခဲ့ပါ။ နတ်
ကိုးကွယ်မှုသာရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန် ဘာသာ နှင့်
ဟိန္ဒူ ဘာသာအားလုံးမှာ ပြည်ပမှဝင်ရောက်လာခဲ့ခြင်းသာ ဖြစ်ပါသည်။ အိန္ဒိယမှ
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသို့ ၀င်ရာက်လာခြင်း ကြောင့်
ထိုစဉ်ကဒေသခံမြန်မာပြည်သူတို့က ငါတို့၏ ယုံကြည်ချက်ကို
လာရောက်ဖျက်ဆီးသည်ဟု မှတ်တမ်းတင်၍မရချေ။ ပုဂံသို့ သထုံမှ ထေရ၀ါဒ
ဗုဒ္ဓဘာသာမရောက်မီကတည်းက အာရဗ်မွတ်စလင်မ်မင်းမှုထမ်းများ ရှိနေကြ
ပြီဖြစ်ပါသည်။ ပုဂံခေတ်ကျောက်စာများ၌ ပသီ (ပန်သိယ်) နှင့်
ကုလလူမျိုးတို့အကြောင်း ရှိနေပြီဖြစ်သည်။ # အနော်ရထာမင်းထံ၌ ပသီသေနတ်တပ်
ရှိနေပြီဖြစ်သည်။ ## ထို့အတူ သထုံ မနူဟာမင်းထံမှ ပိဋကတ်သုံးပုံပင့်ရန်
မြို့တံခါးပွင့်အောင်ပြုခဲ့သူမှာ ပုဂံသူရဲကောင်း အာရဗ်ခြေမြန်တော်
ဗျတ္တဖြစ်သည်။ @ ထို့အတူ တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်ပင့်ရာတွင်
မြို့တခါးပွင့်အောင် ပြုခဲ့သူများမှာ ဗျတ္တ၏ သားများဖြစ်သော
ရွှေဖျင်းညီနောင် တို့သာဖြစ်ပါသည်။
ပဒေသရာဇ်ခေတ်တါင် တစ်ပြည်နှင့်တစ်ပြည်
ဘုရင်များတိုက်ခိုက်သိမ်းသွင်းခြင်းမှာ မဆန်းပါ။ မြန်မာတို့သည်လည်း
မဏိပူရ၊ အာသံ၊ စစ်တကောင်း၊ ယိုးဒယား၊ ဇင်းမယ်တို့ ကို
တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။
ထိုအတူ အိန္ဒိယတွင် အာရိယန်များ၊ ဟိန္ဒူမင်းများ၊ ဗုဒ္ဓဘာသာမင်းများ၊
မွတ်စလင်မင်းများ အဆက်ဆက်အုပ်ချုပ်ခဲ့သည် မှာမဆန်းပါ။ အိန္ဒိယတွင်
ဗုဒ္ဓဘာသာထွန်းကားလာမှုကြောင့် ဟိန္ဒိဘာသာဝင်တို့က မုန်းစရာအကြောင်းမရှိပါ။
ထိုအတူ အစ္စလာမ်ကို လူအချို့လက်ခံ လာခဲ့ခြင်းကြောင့် ကျန်သူများ
မုန်းစရာမရှိ။
အိန္ဒိယတွင် ဗုဒ္ဓဘာသာကွယ်ပျောက်ရနမ် မွတ်စလင်မ်တို့ပြုလုပ်ခဲ့ခြင်းလည်း
မဟုတ်ချေ။ သမိုင်းနားမလည်သူတစ်ချို့၏ စွပ်စွဲချက်သာဖြစ်ပါလိမ့်မည်။
အာရေဗျ၌ မုဟမ္မသခင် မမွေးဖွားမီ (အေဒီ ၅၇၀) အလျင်ကပင် အိန္ဒိယ၌
ဗောဓိညောင်ပင် နုတ်ခံရခြင်း၊ နာလန္ဒ တက္ကသိုလ်ဖျက်ဆီးခံရခြင်း၊ ရဟန်းများ
သတ်ခံရခြင်းတို့ဖြစ်ခဲ့ပါသည်။ ယင်းကိစ္စကို မွတ်စလင်မ်တို့ခေါင်း
အကြွင်းမဲ့ပုံချခြင်းမှာ လုပ်ကြံလိမ်လည်မှုသာဖြစ်ပါသည်။
သံဃာဂိုဏ်းများစွာကွဲခြင်း၊ သာသနာဖျက် ရဟန်းယုတ်များပေါ်ခဲ့ခြင်း၊
ဟိန္ဒိုဗြဟ္မာဏ၀ါဒ ပြန်လည်အားကောင်းလာခြင်းတို့သည် အိန္ဒိယ၌
ဗုဒ္ဓဘာသာကွယ်ပျောက်ရခြင်း အဓိက အကြောင်းအရင်းများသာဖြစ်ပါသည်။
မွတ်စလင်မ်များအိန္ဒိယသို့ ရောက်သောအခါ အေဒီ (၁၂) ရာစုတွင် အိန္ဒိယတွင်
ဗုဒ္ဓဘာသာမှေးမှိန်နေပြီဖြစ်ပါ၍ သီဟို နှင့် အနောက်ဘင်္ဂလား တစ်ဝှက်တွင်သာ
ရှိပါတော့သည်။ ယင်းအကြောင်းကို ဟိန္ဒူပါမောက္ခများရေးသားသော သမိုင်းများ၊
တရုတ်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ အိန္ဒိယပြည် ခရီးသွားမှတ်တမ်းများ၌
ဖော်ပြထားပြီးဖြစ်ပါသည်။
Ref: (1) Professor R.C Majundar “ ANCIENT INDIA”
Delhi, Motilal Banarisdass, pp. 165-157, 427-429
(2) Encyclopaedia Bntannica, “Decline of Buddhism in India” Vol 4,
1768, Williamm Beton, P . 357
(3) Taya Zinkin, “INDIA”
Newyork, Walker and company, pp.23-27
အကယ်၍သာ အိန္ဒိယတွင် လျှမ်းလျှမ်းတောက်နှစ်ပေါင်းများစွာ စိုးစံခဲ့သော
ဒေလီစူလ်တန် နှင့် မွန်ဂိုအင်ပါယာကြီး၏ မွတ်စလင်မ်မင်းတို့
အဓမ္မပြုခဲ့ကြပါလျှင် ယနေ့ဗုဒ္ဓဂါယာနေရာ ပျောက်ဆုံးပြီး ယင်းနေရာတွင်
ဗလီကြီးများကိုသာ တွေ့မြင်ရပါလိမ့်မည်။
ကမ္ဘာ့သမိုင်းတွင် ဘဂ္ဂဒက်ယဉ်ကျေးမှုကြီးကို မွန်ဂိုတို့က သွေးချောင်းစီးမျှ
ကျူးကျော် ဖျက်စီးခဲ့ကြပါသည်။ ထိုစဉ်ကမွန်ဂိုတို့အတွင်း၌
နတ်ကိုးကွယ်သူများနှင့် မဟာယာန ဗုဒ္ဓဘာသာအယူရှိသူများလည်း ရှိကြပါသည်။
ထိုအတူ မွတ်စလင်မ်တို့၏ စပိန်ယဉ်ကျေးမှုသွေးချောင်းစီး
ဖျက်စီးခံခဲ့ရပါသည်။
ဆိုဗီယက်ရုရှား၊ တရုတ်ပြည်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသများရှိ
ကွန်မြူနစ်ဝါဒ အောက်တွင် မွတ်စလင်မ်တို့
အလူးအလိမ့်ဖိနှိပ်ချုပ်ချယ်ခံခဲ့ကြရပြီး သေခဲ့ကြရသည်၊ စီးပွား
ပျက်ခဲ့ကြရသည်။ သို့သော် မွတ်စလင်မ်တို့၏ ခိုင်မာသောယုံကြည်ချက်ကြောင့်
ယခုအခါ ကွန်မြူနစ်ဝါဒ မှေးမှိန်လာခဲ့ပြီး ၄င်းတို့မှာ
မွတ်စလင်မ်အဖြစ်ရပ်တည်နိုင်ကြပေ သည်။ မည်သည့်လူအစုအဝေးမဆို မိမိတို့၏
ခိုင်မာသောယုံကြည်ချက်ကို မည်သည့်အင်အားစုကမျှ ဖျက်စီးနိုင်မည်မဟုတ်ပေ။
ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ချက်မှာ-
(၁) ကမ္ဘာ့လူသားအားလုံးသည် မိသားစုကြီးတစ်ခုဖြစ်သည်။ (၄၉း ၁၃)
(၂) လူမျိုးတစ်မျိုးက အခြားတစ်မျိုးအား နှိမ့်ချခေါ်ဝေါ်ဆက်ဆံခြင်းမပြုရ။ (၄၉း၁၁-၁၂)
(၃) အခြားဘာသာတရား၏ အကြီးအကဲများကို စော်ကားပြောဆိုခြင်းမပြုရ။(၆း၁၀၉)
(၄) သာမန်အားဖြင့် မွတ်စလင်မ်အကြီးအာဏာပိုင်များအနေဖြင့်
အခြားဘာသာဝင်တို့၏ ၀တ်ကျောင်းတော်များကိစ္စတွင်ဝင်ရောက်စွက်ဖက်ခွင့်မရှိ၊
သို့သော် လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်ကို အသိအမှတ်ပြုသောအားဖြင့်
လူယုတ်မာတို့က အခြားဘာသာဝင်တို့၏ ကျောင်းကန် များကိုဖျက်ဆီးလျင်
ကာကွယ်မှုပေးကြရမည်။ (၂၂း၄၀)
ထို့ကြောင့် အစ္စလာမဘာသာအနေဖြင့် အခြားဘာသာများကို စော်ကားရန်၊
ဝတ်ကျောင်း တော်များကို ဖိက်ဆီးရန် သွန်သင်ချက်မရှိပါ။
# (က)ဒေါက်တာသန်းထွန်း `မန္တလေးသနိုင်း သုတေသန (၃)
`လုပ်သားပြည်သူ့နေစဉ်သီတင်းစာ (၁၈-၁- ၉၆) စာ-၆
(ခ) သမိုင်းလက်ထောက်ကထိက ဒေါ်တင့်စိန် `ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း
`တက္ကသိုလ်ပညာ ပဒေသာစာစောင်၊ အတွဲ ၁၃ အပိုင်း ၄ စာ ၇၅။
## ဟံသာဝတီ ဦးဘရင် ``မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာ´´ ရန်ကုန်၊
ပြည်သူ့အလင်းစာပေတိုက်၊ ၁၉၆၇၊သြဂုတ်လ၊စာ-၂၅။
@ဒေါက်တာခင်မောင်ညွန့် ``တိုင်းရင်းသားယဉ်ကျေးမှုပဒေသာ´´၊
သုတစာပေစာတမ်းများ (ပထမတွဲ)၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၈၀၊ စာ-၈၇။
(ခ)မှန်နန်းရာဇ၀င်တော်ကြီး၊ ရန်ကုန်၊ သီတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊
၁၉၉၂၊ စာ-၂၄၄-၂၄၇။
ဤစာအား ဦးမြင့်သိန်း (အစ္စလာမ်ဓမ္မသတ်မှူး-မုဖ်သီ)
(စာရေးဆရာငြိမ်းချမ်းလုလင်)
မှ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) တွင်
(က) ဥက္ကဌ ဆရာတော်
(ခ) အကျိုးတော်ဆောင်ချုပ် ဆရာတော်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့။ သို့လိပ်မူပေးပို့သော စာမှ ကောက်နုတ်တင်ပြအပ်ပါသည်။
Sunday, May 17, 2009
အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗုဒ္ဓဘာသာ
Posted by
Usman Ghany
at
11:37 PM
0
comments
Labels: news
Sunday, December 23, 2007
Wow - what happened at Bali
Dear Friends, Wow - on Saturday, in desperate last-minute negotiations, the world faced down an effort by the US, Canada and Japan to wreck the crucial Bali Climate Change Summit. Over 600,000 Avaaz members mobilized to save the Bali talks, including 320,000 in the final 72 hours! Click below to read the whole story with photos and videos
http://www.avaaz.org/en/bali_report_back/6.php Arriving in Bali, most countries wanted to work towards a new global treaty on climate change as well as new targets for carbon emissions by rich countries. But late last week, the US and Canada teamed up to undermine the talks -- the US blocked the whole Bali summit consensus, and when a smaller group of Kyoto treaty countries tried to move ahead without the US, they were blocked by Canada. The summit was in danger of deadlock. The Avaaz community flew into action, signing and spreading petitions to each of the governments, supporting ad campaigns in Bali and Canada, marches around the world, and phoning and lobbying elected officials. At the summit, Avaaz members brought the storm of public criticism inside the conference walls with the only march allowed inside the venue, the largest climate petition delivery in history, daily press conferences and "fossil awards" for the worst countries in the negotiations, and constant lobbying of officials. In the final hours of the summit, Canada backed down completely and allowed Kyoto countries to agree to strong 2020 targets on carbon emissions, and the US team, now entirely isolated and actually booed by the world's diplomats, compromised and agreed to call for "deep cuts" and "reference" the 2020 targets. This paved the way for the summit to agree to sign a new global climate change treaty by 2009. Usually these conferences are stuffy diplomatic affairs - but this time the world was watching, and speaking, each day. Together, we brought people-powered politics to the halls of power, and put our governments on notice: in the fight to save our environment, we will not be spectators. Click below to see a report on this campaign with videos and pictures: http://www.avaaz.org/en/bali_report_back/6.phpThis is just the beginning. Every nation of the world has now agreed that they will enter into accelerated negotiations and, by 2009, sign a new treaty to confront global warming. We need this treaty to set binding global targets for carbon emissions, and a mechanism for meeting them, that keep the earth's temperature from rising more than 2 degrees celsius - the amount that scientists say would be 'catastrophic'. Such a treaty will change the world's economy forever, weaning us off oil and fossil fuels to cleaner sources of energy. Some leaders, in the pocket of the oil industry, will fight it tooth and nail all the way. And we will too. A great struggle to save our environment has begun, and this weekend, we showed together that the people of the world aren't intending to sit this one out.With much respect and appreciation for this amazing community of people, Ricken, Ben, Milena, Paul, Iain, Sarah, Galit, Pascal and the whole Avaaz Team.
Posted by
Usman Ghany
at
1:30 AM
0
comments
Labels: news
Wednesday, July 25, 2007
*27th Aug the Whole World is waiting for.............*
Planet Mars will be the brightest in the night sky starting August.It will look as large as the full moon to the naked eye. This willcultivate on Aug. 27 when Mars comes within 34.65M miles of earth. Be sureto watch the sky on Aug. 27 12:30 am. It will look like the earth has 2moons. The next time Mars may come this close is in 2287.Share this with your friends as NO ONE ALIVE TODAY will ever see it againMore info. http://www.new.meastroindia.com/mars_view.html
Posted by
Usman Ghany
at
3:17 PM
0
comments
Labels: news