Wednesday, May 16, 2007

SOS

SOS = Save Our Souls

SOS signal ဆိုတာ ကမ္ဘာပေါ်ရှိ အသက်ကယ် အဖွဲ့ အားလုံး နားလည်တဲ့ အသက်ကယ် အချက်ပေးခြင်း တစ်မျိုးပါ။ အန္တရာယ် တစ်ခုခု ကြုံလာပြီဆိုလျှင် (ဥပမာ - သဘောင်္ပျက်ရင်၊ တောထဲမှာ လမ်းပျောက်သွားရင်) SOS signal ပေးလိုက်မယ်ဆိုရင် အနီးဆုံး အသက်ကယ် အဖွဲ့ တစ်ဖွဲ့က လာကယ်ပါလိမ့်မယ် (သူတို့ အနီးအနားမှာ ရှိရင်ပေါ့)။

SOS signal ဘယ်လို ပေးမလဲ… အရင်ခေတ် Morse code (သံကြိုးရိုက်သည့်ခေတ်) က . . . _ _ _ . . . (အစက်သုံးစက်၊ dash သုံးခု၊ အစက်သုံးစက်) အမှတ်အသားနဲ့ ပေးပို့လေ့ ရှိခဲ့သည်။ အသံနဲ့ အချက်ပေးမယ်ဆိုရင် (ဘယ်လိုပြောရမလဲ မသိဘူး။) ဒေါက်ဒေါက်ဒေါက် ဒေါက်..ဒေါက်..ဒေါက် ဒေါက်ဒေါက်ဒေါက် ဆိုပြီး ပထမသုံးချက်ကို တစ်ဆက်တည်း၊ ဒုတိယ သုံးချက်ကို နည်းနည်းဆွဲပြီး တတိယ သုံးချက်ကို တစ်ဆက်တည်း ပေးလို့ ရပါတယ်။ အများဆုံး သုံးတာကတော့ မီးရောင်နဲ့ အချက်ပြတာပါ။ အများအားဖြင့် လက်နှိပ်ဓာတ်မီးပေါ့။ မီးကို ဖွင့်လိုက် ပိတ်လိုက် မှိတ်တုတ်မှိတ်တုတ် ဖြစ်အောင် လုပ်ပြီး အချက်ပြလို့ ရပါတယ်။ ထုံးစံအတိုင်း ပထမ သုံးခေါက်ကို နှစ်စက္ကန့် ဖွင့် နှစ်စက္ကန့်ပိတ်မယ်ဆိုရင် ဒုတိယ သုံးခေါက်ကို ငါးစက္ကန့်လောက် ခြားပြီး အဖွင့် အပိတ် လုပ်ရပါမယ်။ ပြီးရင် တတိယ သုံးခေါက်ကို ပထမ သုံးခေါက်လုပ်ပါတဲ့။

အရင်တုန်းက ရုပ်ရှင်တွေထဲမှာတော့ ကြည့်ဖူးမှာပါ။ အခုမှ အတိအကျသိလို့ ရေးကြည့်တာ။

Source: http://en.wikipedia.org/wiki/SOS

5 comments:

isbella said...

bar seint ku ya loe write tar lae??? i don't think it wl use today, but it is only for knowledge.

isbella said...

i think u r the first one writing with burmese.

Thinzar said...

ဘာစိတ်ကူးမှ မပေါက်ပါဘူး။ လူတွေများ ဖတ်မလားလို့ ရေးကြည့်တာ အစ်မရေ… SOS က အခုခေတ်အထိ သုံးပါသေးတယ်။ မယုံရင် အစ်မ လမ်းပျောက်သွားရင် စမ်းကြည့်လေ :P

tinkyawoo said...

:) in case any one got any trouble at any time, then use this signal :)

Usman Ghany said...

Ya, u r right, but don't use at day time :-)